Marxist Study for Burmese
Home
Marx Engle
Lenin
Mao Tse Tung
Others
ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်ရှီဗစ်) သမိုင်း အကျဉ်း
ရေးသူ ဂျေဗွီ စတာလင်
ဘာသာပြန်သူ ဒေါ်ယဉ်ယဉ်လှ
ဆိုဗီယက်ယူနီယံ ခေါင်းဆောင် ဂျေဗွီ စတာလင် ရေးသားပြုစုတဲ့ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ (ဘော်ရှီဗစ်) ရဲ့ ရာဇဝင် အကျဉ်းကို ဒေါ်ယဉ်ယဉ်လှ ဘာသာပြန်ဆိုထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ရုရှားနိုင်ငံမှာ မာ့စ်ဝါဒ စတင် ဖြန့်ချိခဲ့ပုံ၊ အလုပ်သမား သမဂ္ဂတွေ စတင်ထူထောင်ခဲ့ပုံတွေကို ဖော်ပြထားပါတယ်။ မာ့စ်ဝါဒနဲ့ တခြား အသွင်သဏ္ဍန်အမျိုးမျိုးသော အတွေးအခေါ်အယူအဆတွေကြား ဝါဒရေးရာ တိုက်ပွဲဆင်နွှဲခဲ့ကြ ပုံကိုလည်း ဒီစာအုပ်မှာ တွေ့မြင်နိုင်ပါတယ်။
ရုရှားတော်လှန်ရေး ခေါင်းဆောင် ဗလာဒီမီယာ အီလိယစ်လီနင်ခေါင်းဆောင်ပြီး ရုရှား အလုပ်သမားလူတန်းစားကို စုစည်းခဲ့ပုံ၊ ဆိုရှယ်ဒီမို ကရက် ပါတီကနေ ကွန်မြူနစ်ပါတီအဖြစ် အမည်ပြောင်းလဲ ထူထောင်ခဲ့ပုံ၊ ကွန်မြူနစ်ပါတီ အတွင်းမှာ မင်ရှီဗစ်၊ ဘော်ရှီဗစ် ကွဲခဲ့ပုံတွေကိုလည်း ဖော်ပြ ထားပါတယ်။
ရုရှားပြည်မှာ ၁၉၀၅ ခုတော်လှန်ရေးပေါ်ပေါက်ခဲ့ပုံ၊ ၁၉၁၇ ခု မဟာအောက်တိုဘာ တော်လှန်ရေးပေါ်ပေါက်လာပုံနဲ့ ဆိုဗီယက်ယူနီယံ ထူထောင်ခဲ့ပုံကိုလည်း ဖော်ပြထားပါတယ်။
ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို လေ့လာခြင်းအားဖြင့် အလုပ်သမား လယ်သမားလူတန်းစားရဲ့ လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွှဲခဲ့ ပုံသင်ခန်းစာတွေကို သင်ယူလေ့လာနိုင်တယ်လို့ စာအုပ်ရဲ့ နိဒါန်းမှာ ရေးသား ဖော်ပြထားပါတယ်။
အောက်မှာပေးထားတဲ့ လင့်က် ကို နှိပ်ပြီး စာအုပ်ကို ဒေါင်းလုတ် လုပ်ယူနိုင်ပါတယ်။
history_of_the_communist_party_of_the_soviet_union_bolsheviks.pdf
File Size:
1639 kb
File Type:
pdf
Download File
ဂျေဗွီ စတာလင်